ထမင်းစားဖို့ရှင်သန်
ရှင်သန်ဖို့ ထမင်းစား
လုံးပါး ပါးခဲ့တဲ့ အနဂ္ဂဘ၀တွေ
အမိမြေမှာ ပေ၊ တေ၊ ကျွေ........။
ယိုင်နဲ့နဲ့ ပညာရေးအခြေအနေမှ
သိနေရ ဝေလေလေ ငါဘာတုန်း
အဆင်ပြေပြေ ဘာမှ မသုံးမကျ
ငါ အ “အ” လုံးဝ၊ လုံးဝပဲ။
အမိုက်ဆုံး အလုပ်ကိုလုပ်
ပြည်သူ့ ဘဏ္ဍာထုပ်ကိုခိုးရောင်း
မျိုးမကောင်းတဲ့ကောင်တွေကြောင့်
မှောင်နေတဲ့ ဇာတိမြေက
ဘဂ၀ါ အမိရေ......
တမော့မော့ သားကိုမျှော်မှန်း
အမေလွမ်းနေရော့ပေါ့.....
အမေ့ကို တမ်းက
အမေနမ်းနေကျ ကျနော့်ပါး
အခုများတော့......
နွေခေါင်ခေါင် ရပ်ခြားခရီးလမ်းမှာ
နေလောင်ဆပ်သွားသီးလိုကြမ်း
ဘယ်သူ နမ်းဦးမလဲ........။
ဘုံလုံတလှည့် ငါးပျံတလှည့်
ဒုက္ခနဲ့ နားပမ်းလုံး
အရှုံးများပေမဲ့
အမုန်းမပွားခဲ့...။
ယောင်ချာချာနဲ့
ညောင်နာနာ ငါတို့ဟာ
အမှောင်ကမ္ဘာမှာ
မရှောင်သာ ဘုန်းကံနဲတော့
ရုန်းကန်မြဲ နေ့ဆက်
မေ့ပစ်ဖို့ခက်........။
မုတ်သုန် (ယောရပ်ရွာ)
No comments:
Post a Comment